အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, July 28, 2009

အလိုက်သင့် သေဆုံးခြင်း

မျက်လွှာတော်တစ်ညို့နဲ့
ငါ့မြို့ရိုးတွေ ရှစ်စိတ်ကွဲတယ် ...
ဘယ်လို ပဉ္စလက်များလဲ။

လရောင်ချိုကမ်းပါးရဲ့
နှင်းသောက်မြက်ခင်းစိမ်းစိမ်းများ ...၊
လိမ္မော်ရောင် ဆည်းဆာရဲ့
ပန်းရောင်ဆောင် တိမ်တိုက်များ ...၊
တဂိုးရဲ့
ချစ်ခြင်းဖွဲ့ ရူပက အလင်္ကာများ ...၊
( အားလုံး သူမပေါ့ )။

သံခင်းတမန်ခင်း အပြုံးတွေ မခြွေလည်း
ငါ ( ချစ်ခြင်းနဲ့ အတူ ) ရင်ခုန်ပါရဲ့ ...။

မင်းပြုအပ်ရာတစ်ခုအဖြစ်
ငါ့ချစ်ခြင်းကို လျစ်လျူရှုတော့
မြင်ခွင့်ခဏနဲ့ပဲ
ငါ နေသားတကျ ရှလှတယ်...။ ။

လင်းစက်ရာ

20 comments:

ရွက်လွင့်ခြင်း said...

ငါ နေသားတကျ ရှလှတယ်...။ ။

ညီမရေ အဲဒီနား သိပ်မရှင်းဘူး

Beauty Studio USA Branded Store said...

အသွားထက်ထက်ဓား မဆောင်နဲ့ပေါ့။:P
XXXXXXXXXXXXXXXXXXXXXXXXXXXX
စာသားအားတွေအရမ်းကောင်း၏။

တလနွန် said...

မောဒန်ကဗျာလေးလည်း ဖြစ်တယ်နော် ညီဇော်. ကဗျာစာသားလှတယ်ဗျာ

ခင်တဲ့
ကိုည

jr.လွင်ဦး said...

ကဗျာလေးး ၃ခေါက်လောက်ဖတ်သွားတယ်။
ကောင်းလိုက်တာ။ :)

naylin said...

modern ZAW!

မေဇင် said...

မြင်ခွင့်ခဏနဲ့ပဲ
ငါ နေသားတကျ ရှလှတယ်.

အဲ့ဒါ နေသားတကျ ရှိလှတယ် လို့ပြောချင်တာလား မသိဘူးနော်...။

မိုးစက်အိမ် said...

စားသားတွေက လန်းလွန်းအားကြီးတယ်
ငဇော်ရာ လူနဲ.ကိုမလိုက်ဘူး :P

နွေးနွေးသဲမွန် said...

ကဗျာလေးကောင်းလိုက်တာ ခံစားလို့ ရတယ်...း-)

Anonymous said...

ဘာတွေရေးတာလဲဟင် တလုံးမှကို နားမလည်ဘူး။ ဘာသာပြန်ပေးပါလား.. မြန်မာစာကို မြန်မာလိုပဲ ဘာသာပြန်ပေးနော်... ဟဲဟဲ ...... မှတ်ထား အဲဒါနာ့ကို ဖဲ့သွားတာ ပြန်ဖဲ့တာပဲ...။

Anonymous said...

သယ်ရင်း မိုးစက်အိမ် လိုဘဲပြောရမလား
စာသားတွေကတအားကို လန်းလွန်းလို့ ပျံတောင် ထွက်ကုန်ပြီနဲ့တူတယ် ကဗျာကောင်းတွေ ဖတ်ရတာ တကယ်အားရတယ်..
ဒါနဲ့ အကို့အတွက် ရှေ့နေလိုက်ပေးဦးနော် :P
အဆင်ပြေပျော်ရွှင်ပါစေကွာ

မဟာဆန် said...

ဒီကဗျာရဲ့ စကားလုံးတစ်လုံးချင်းစီတိုင်းမှာ ထူးဆန်းလှပမှုကို မြင်ရတယ်

Sein Lyan Tun said...

ကဗျာလေးလှလိုက်တာ


ချစ်တဲ့

ဖိုးစိန်

နွေဆူးလင်္ကာ said...

ကွန်မကောင်းတော့ အဆုံးထိ ဖတ်လို့မရဘူးဗျ။ ရိုးရိုးကြည့်လို့ ဘယ်လိုမှ တက်မလာတော့ ကျော်ကြည့်ရရော။ အဲဒါ ဆက်လက်ဖတ်ရှုရန်က မရတော့ဘူး။

ကြည်ဖြူပိုင် said...

ကောင်းတယ်ဇော်ရေ..းကဗျာလေးအလွန်ကောင်း။အမက ကဗျာတွေဆိုကြိုက်စ်

ကိုလူထွေး said...

ကဗျာတေးသွားတွေက လှလည်းလှ ရှလည်းရှတယ်...

သံခင်းတမန်ခင်း မျိုးလာခဲ့တာ မဟုတ်ရပါဘူး...

မျက်မာန်တော် မရှဘူးဆိုရင်
မြင်ခွင့်ခဏအတွက်
လင့်ခ်ထားခွင့်ပြုပါ...

းဝ)

လင်းကြယ်ဖြူ said...

ကဗျာကကောင်းတယ်...

ဝသန်မိုး said...

မင်းပြုအပ်ရာတစ်ခုအဖြစ်
ငါ့ချစ်ခြင်းကို လျစ်လျူရှုတော့
မြင်ခွင့်ခဏနဲ့ပဲ
ငါ နေသားတကျ ရှလှတယ်...။ ။

နောက်ဆုံးအပိုဒ်လေး
ခံစားလို့ ရတယ်
ငါ့ညီမရေ

ခင်တဲ့
ဝသန်မိုး(မိုးမိုး)

သီဟသစ် said...

ညီမဇော်ရေ

ကဗျာလေးရော ပြောပေးပါရောဖတ်သွားတယ်
ဖတ်ရတာ အရသာရှိလိုက်တာကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

P.S ဒိုင်းဘူ ဘလော့ တပြ ကိုလျှောက်လည်ကြစို့ဟေ့

ဂျာမုန်းဒန် said...

ကဗျာအရမ်းကောင်းတယ်။
သူမကိုဖွဲ့နွဲ့လိုက်ပုံများနော်။ သူမပျော်နိုင်ပါစေရှင်။
ခင်တဲ့
မုန်း

စည်သူ said...

သြော်.....

ရေးဖွဲ့တတ်လိုက်လေခြင်း
စာသားတွေက လိုက်လို့ကိုမမှီဘူး

လန်ထွက်နေတာဆိုသလိုပဲ
ဟိုဘက်ကမ်းကိုတောင် ရောက်တော့မယ်ဟေ့

ကဗျာရေးတာ မဖတ်ဖူးဘူး
အခုမှဖတ်ဖူးတာ စလန်တောင် တရတယ် ဇော်ရေ..။

ခင်မင်စွာဖြင့်
စည်သူ။