အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, July 30, 2009

ရင်ခွင်ပျောက်သူ

နင်နဲ့ငါ စတွေ့တုန်းက တက္ကသိုလ်တွေ စဖွင့်တဲ့ အချိန် ကံကော်ပန်းတို့ ပွင့်ဖူးစ
အဲ့ဒီအချိန် ကျောင်းဝင်ခွင့်သွင်းဖို့ အတွက် တန်းစီနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ရပ်နေတဲ့နင့်ကို ငါ အမှတ်တမဲ့ကျော်သွားတော့ နင်က ငါ့ကို လှမ်းခေါ်ခဲ့တယ်။

ဒီမှာ .. ဒီမှာ .. ကျောင်းသားမှတ်ပုံတင် ဖောင်ယူမလို့လားဟင်


အေးအေးလေးနဲ့ ချိုသာတဲ့ အသံလေးတစ်ခုကြောင့် ငါ ရုတ်တရက်တော့ ခြေလှမ်းမှားသွားခဲ့သေးတယ်။ ငါ .. အယောင်ယောင်အမှားမှားနဲ့ လှည့်ကြည့်မလိုလုပ်မိပြီးမှ ငါ့ကို ခေါ်တာ မဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးနဲ့ အတူ ငါ လှည့်မကြည့်တော့ဘဲ ရှေ့ဆက်လျှောက်ဖို့ လုပ်ခဲ့မိတယ်။

ဒီမှာရှင့်.. ရှင့်ကို ခေါ်နေတာ။ ကျောင်းသားမှတ်ပုံတင်ဖောင် ယူမလို့လား သိချင်လို့



ဒီတော့မှ ငါ သေချာစွာနဲ့ နင့်ကို လှည့်ကြည့်ဖြစ်ခဲ့တယ်။
ဆံပင်ကုတ်ဝဲလေးမှာ အမွှားမွှားလေးတွေနဲ့ ဘေးတစ်စောင်းကျနေတဲ့ ပုံလေးကို ဘေးကလစ်လေးနဲ့ ကလေးလေးတစ်ယောက်လို ထိုးထားခဲ့တဲ့နင်။ မျက်နှာလေးက အပြစ်ကင်းစင်စွာနဲ့ ကလေးလေးတစ်ယောက်လို ဖြူစင်ခဲ့တဲ့နင့်ကို တွေ့လိုက်ရတဲ့ခန .. ငါ အသက်ရှူဖို့ မေ့ခဲ့သလို နင့်ကို ပြန်ဖြေဖို့လဲ မေ့ခဲ့မိတယ် ကောင်မလေးရယ်။
နင်က ငါ့ကို ကျောင်းသားမှတ်ပုံတင်ဖောင် အပိုတစ်ခု ယူခဲ့ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ငါက ကျောင်းသားမှတ်ပုံတင်ဖောင်တင်မဟုတ်ခဲ့ပါဘူး ကောင်မလေး။ ငါ့ရဲ့ နှလုံးသားကိုပါ အပိုပေးခဲ့မိလိုက်တာပါ။ နင်မြင်နိုင်မယ်ဆိုရင်ပေါ့။

နင်နဲ့ငါ ဒုတိယအကြိမ်ပြန်ဆုံတော့ စာသင်ခန်းထဲမှာ။ နင်နဲ့ငါ မေဂျာတူပြီး တစ်ခန်းထဲအတူကျခဲ့တဲ့ ကံကြမ္မာကို ငါ ကျေးဇူးတင်ခဲ့မိတယ် ကောင်မလေး။ နင့်ရဲ့ လှုပ်ရှားဟန်လေးကို ငါအမြဲလို ခိုးကြည့်ဖြစ်ခဲ့တယ်။ နင့်ရဲ့ပုံတူတွေကို ငါ့စာမျက်နှာတိုင်းလိုမှာ ခဲနဲ့ ရေးခြစ်ခဲ့မိတယ်။ ငါ့ရဲ့ အချိန်တိုင်းမှာ နင်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ငါတို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။
ချစ်သူတွေဖြစ်ပြီးနောက်မှာ နင့်ကို ငါဘယ်လောက်အထိ မြတ်နိုးတယ် ချစ်တယ်ဆိုတာ ပိုပြီးသိလာရတယ်။ ကောင်မလေးရယ်.. နင်ဟာ ငါ့ရဲ့နှလုံးသားဖြစ်လာခဲ့တယ်။

ငါတို့ ချစ်သူတွေဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလဲ ငါ နင့်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့တယ်။ ဂရုစိုက်ခဲ့တယ်။ ကြင်နာခဲ့တယ်။ ဒါကို နင် သိနိုင်စေဖို့ ငါမျှော်လင့်ခဲ့မိတယ်။ ငါ့ရဲ့ အရာရာတိုင်းဟာ နင်ဖြစ်ခဲ့တယ် ကောင်မလေး။ ငါ့ရဲ့ စိတ်ကူးတွေ အတွေးတွေ အိပ်မက်တွေအထိ နင်က ငါ့ကို စိုးမိုးနိုင်လွန်းခဲ့ပါတယ်ဟာ။

ဒီလိုနဲ့ ငါတို့ စာသင်နှစ် ၃နှစ်ကို ဖြတ်ပြီးတဲ့နောက်မှာ နင့်အိမ်က နင့်ကို စင်ကာပူမှာ ကျောင်းသွားတက်ဖို့ စီစဉ်ခဲ့တယ်။ နင်က အလွယ်တကူပဲ ဘ၀ရှေ့ရေးမို့ လက်ခံခဲ့တယ်။ ငါတို့ ရည်မှန်းချက်ကို နင်ထားခဲ့ရက်နိုင်တယ်။ ငါက ဂျပန်ကို သွားရမှာမို့ နင့်ကို ဂျပန်ကို ခေါ်ချင်တယ်ဆိုတာတောင် နင်က လက်မခံခဲ့ဘဲ စင်ကာပူက ဘာမှမတော်တဲ့ နင့်အကိုရဲ့ သူငယ်ချင်းဆီကိုတော့ နင်က နင့်အိမ်ရဲ့ စီစဉ်ပေးမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါ့ကို ထားသွားခဲ့တော့မယ်။

ကောင်မလေးရယ် နင့်အိမ်က နင့်ကို အဲ့လူနဲ့ သဘောတူထားတာ ငါမသိဘဲ နေပါ့မလားကွာ။ ဒါပေမယ့် နင်ကတော့ မက်မောမှုတွေ တစ်ပုံတပင်နဲ့ ငါ့ကို ထားသွားခဲ့တော့မယ်။
ငါ့ရင်ဘတ်ထဲမှာ ခုဆိုရင် ဟောင်းလောင်းပေါက်တွေနဲ့ ဖြစ်နေခဲ့ပြီ ကောင်မလေး။

မောင် .. ကျွန်မ ရှေ့အပတ်ကို သွားဖို့ အားလုံးအဆင်သင့်ဖြစ်နေပြီ။ လေယာဉ်လက်မှတ်လဲ လက်ထဲ ရောက်နေပြီ

တဲ့။ ငါ့ကို အဲ့ဒီလို အစစ အဆင်သင့်ဖြစ်နေတော့မှ ဖွင့်ပြောခဲ့တယ်နော်။
နင် ငါ့နေရာက ၀င်ပြီး စဉ်းစားခဲ့ဖူးရဲ့လား ကောင်မလေးရယ်။ နင်ငါ့ကို ဖွင့်ပြောခဲ့တဲ့ အချိန်တုန်းက ငါ့အသံတွေ စွန့်အ .. အာခေါင်ထဲမှာ သွေ့ခြောက်နေတယ်။ ငါသောက်နေခဲ့တဲ့ အအေးတစ်ခွက်တောင် ငါ့ရင်ကို မအေးမြစေနိုင်ခဲ့ဘူး။

မောင်ရယ် ... ကျွန်မတို့ ဖုန်း တို့ အင်တာနက်တို့ကနေ ဆက်သွယ်ကြမှာပေါ့။ ခုဆိုရင် ဆက်သွယ်ရေးတွေက ကောင်းနေပါပြီလေ


ပြောနေတဲ့စကားသံတွေက အရင်လို မချိုမြိန်နိုင်ခဲ့တော့ပါဘူး ကောင်မလေး။
အဲ့ဒီနေ့က ငါ့ရင်ထဲမှာလေ စို့နစ်လွန်းလို့ မျက်ရည်ကို အနိုင်နိုင်ထိန်းရင် လူမှန်းသူမှန်းမသိဖြစ်ရင်း မိုးလင်းခဲ့ရတယ် ကောင်မလေးရယ်။

နင် ထွက်သွားမယ့်နေ့ မတိုင်ခင်အထိ ဖုန်းထဲကနေ အကြိမ်ကြိမ် မသွားပါနဲ့၊ ငါ့ကိုနင် မထားခဲ့ပါနဲ့လို့ ငါ အောက်ကြို့ပြီးတော့ တောင်းပန်ခဲ့မိတယ်။ ဒါပေမယ့် နင် အဝေးကို ပြေးထွက်သွားခဲ့တယ်။ ငါနားလည်ပါတယ် ကောင်မလေး။ ဒါက နင့်ရဲ့ အခြေအနေလေ။ ဒါပေမယ့် ငါ့ဘက်ကတော့ နှလုံးသား ကြေကွဲခဲ့ပါတယ်။
ဒါတွေကို အတိတ်ရဲ့ ဆိုးရွားလွန်းတဲ့ အကြောင်းကံလို့ပဲ ကြိတ်မှိတ်သတ်မှတ်ခဲ့ပေမယ့် နင်ကတော့ ဟိုးအဝေးမှာ။

ငါတို့လက်ထက်မယ်လို့ ငါရူးသွပ်စွာ မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ အဖျားရှူးသွားတဲ့နောက်မှာ ကြိုးစားပြီး ငါထိန်းချုပ်ထားပေမယ့် ငါ့မျက်ဝန်းမှာ မျက်ရည်စို့လာတယ်ကောင်မလေး။ နင်ထားသွားတဲ့ အချိန်ခဏမှာလေ ငါ့ကိုငါ ပျောက်ဆုံးသွားခဲ့တာ ဘာဆိုဘာမှ မရှိတော့ဘူး။ နာကျင်မှုတွေကို ဟန်လုပ်ပြုံးနေခဲ့ပေမယ့် ငါ့ရင်ဘတ်ထဲကို နင်မြင်နိုင်မယ်ဆိုရင် ငါ့နှလုံးသား ကွဲကြေနေတာကို နင်တွေ့ရလိမ့်မယ်။

နင် ငါ့ကို ထားရက်ခဲ့တယ်နော် လို့ ငါမပြောရက်ခဲ့ပါဘူး ကောင်မလေး။ အပြစ်တစ်စုံတရာတောင်မှ ငါမတင်ရက်ခဲ့ပါဘူး။ နင့်ကို ငါချစ်ခွင့်ရခဲ့လို့ငါကျေနပ်ပါတယ်။ ငါ့ရင်ခွင်ကို စွန့်ခွာသွားလဲ နင့်ကို ငါ ချစ်နေဆဲပါပဲ ကောင်မလေး။ ဒါပေမယ့် နင်သိအောင် ငါတစ်ခုတော့ ပြောလိုက်ပါရစေ။ နင်ထားခဲ့တဲ့ ငါ့ရင်ခွင်ကတော့ အဲ့ဒီအချိန် ခဏမှာပဲ သေဆုံးသွားခဲ့ပြီ။

နင်ထွက်သွားပြီးနောက်မှာ ငါလဲ ဂျပန်ကို ကျောင်းတက်ဖို့ ငါ့အဖေနဲ့ လိုက်သွားဖြစ်ခဲ့တယ်။ နင့်ကို ငါ ဖုန်းခေါ်ခဲ့တယ်။ အီးမေးလ်တောက်လျှောက်ပို့ခဲ့တယ်။ နင့်ကို ငါ အွန်လိုင်းမှာ အမြဲစောင့်ခဲ့ပေမယ့် နင်ပေါ်မလာခဲ့ဘူး။ နင့်ပတ်ဝန်းကျင်က အသွင်မတူတဲ့ကောင်တွေကို ငါနဲ့နှိုင်းယှဉ်ခဲ့ပြီလား ကောင်မလေးရယ်။
ငါတို့ပြန်ဆုံဖို့လမ်းစက မရေရာတော့တဲ့နောက် ငါ့ရင်ဘတ်ထဲက ဝေဒနာက သိပ်ဆိုးရွားလွန်းနေခဲ့ပြီ။ ဘာတွေဘယ်လို ဖြစ်သွားရတာလဲဆိုတာ ငါသေချာမသိခဲ့ နားမလည်ခဲ့မိပေမယ့် ငါ့နှလုံးသားကတော့ သုညဖြစ်သွားခဲ့တယ်။

ငါ့ကွန်ပြူတာမျက်နှာပြင်မှာ တယုတယနဲ့ တင်ထားခဲ့တဲ့ နင့်ဓါတ်ပုံလေးကို ကြည့်ရင်း ခြောက်ခြားညတွေကို ဖြတ်နေခဲ့ရတာ နင်မသိခဲ့ဘူး။ နင့်မျက်ဝန်းတွေကို မြင်ယောင်ရင်း အိပ်ပျက်ညတွေ များနေခဲ့ပြီဟာ။ အချစ်အတွက် အကျိုးနဲခဲ့တဲ့ ငါ့ကံကြမ္မာကိုပဲ ငါအပြစ်ပုံချရင်း ................

ကျွန်တော် ကောင်မလေးတစ်ယောက်ကို ဖြူဖြူစင်စင်နဲ့ မြတ်မြတ်နိုးနိုးချစ်ခဲ့မိဖူးပါတယ်။
ဒါပေမယ့် ...
ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ လူငယ်ဘ၀ရဲ့ အစောပိုင်းကာလကို ချစ်သူနဲ့ အတူ နေခဲ့ဖူးပါတယ်။
ဒါပေမယ့် ...
ကျွန်တော် အချစ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ...

ခုတော့ နာကျင်ခြင်းတွေနဲ့ အတူ ....


24 comments:

လင်းကြယ်ဖြူ said...

ကျွန်တော် ကောင်မလေးတစ်ယောက်ကို ဖြူဖြူစင်စင်နဲ့ မြတ်မြတ်နိုးနိုးချစ်ခဲ့မိဖူးပါတယ်။
ဒါပေမယ့် ...
ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ လူငယ်ဘ၀ရဲ့ အစောပိုင်းကာလကို ချစ်သူနဲ့ အတူ နေခဲ့ဖူးပါတယ်။
ဒါပေမယ့် ...
ကျွန်တော် အချစ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ...

ခုတော့ နာကျင်ခြင်းတွေနဲ့ အတူ ....

အားပါး..တစ်ခါတည်း Heart ထိသ္ဂားပဟေ့....

ဇော် said...

ကျွန်တော်
သီချင်းတစ်ပုဒ်ကို ခံစားပြီး ရေးဖွဲ့ဖြစ်ခဲ့ပါတယ်။
=)

မွန် said...

အိုး.. ရင်ခွင်ပျောက်သူကို ရင်နဲ့ခံစားမိပါတယ်ဇော်
ရင်ထဲမှာလဲ နာနေတယ်

Sein Lyan Tun said...

ချစ်သောရင်ခွင်ပျောက်သူ......


ချစ်သော ရင်ခွင်ပျောက်သူ.။။။။။


ခံစားရ၏



ချစ်ခင်စွာဖြင့်

ဖိုးစိန်

ကျောင်းတော်ကြီးကိုသတိရသွားသည်

မယ့်ကိုး said...

့ညီမလေးလည်း စိုင်းစိုင်းသီချင်းကြိုက်တာပဲလား။ အစ်မလည်း အဲဒီသီချင်းထဲက စာသားလေးတွေ အရမ်းကြိုက်တယ်။

မသွားနဲ့ ။ မထားခဲ့ ပါနဲ့ 
ငါ အောက်ကျို့ ပြီးတော့ တောင်းပန်တယ်။
ဆိုးရွားလွန်းတဲ့ အတိတ်ဘဝက အကြောင်းခံပဲ။
ခုအချိန်ထိ အသည်းကွဲနေတာ မိုးထဲလေထဲ။

ညီမလေးဖွဲ့ ထားတာ ကောင်းလွန်းအားကြီးလို့  သီချင်းလေးတောင် ပြန်နားထောင်ချင်သွားပြီ။

စည်သူ said...

သီချင်းလေးဆိုပြမလို့

မမ မယ် ၉ ကလာဆိုသွားတယ်..။

အချစ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ခဲ့ပေမယ်
နောက်ဆုံးတော့ ရင်ခွင်ပျောက်သူအဖြစ် နာကျင်ခြင်း
များစွာနဲ့ ကျန်ရစ်ခဲ့တယ်တဲ့လား....

ဒါဆိုရင်..
အစောပိုင်းကာလကို ပြန်သတိရလိုက်မယ်
နော်.... ညီမလေး

ခင်မင်စွာဖြင့်
စည်သူ။

မိုးခါး said...

း)
ဖတ်လို့ ကောင်းတယ် ဇော်ရေ

နဒီမိုးညို said...

ရင်ခွင်ပျောက်သူတဲ့
မပျောက်အောင်..သော့ခတ်ထားလိုက်မယ်..ဟိ

Beauty Studio USA Branded Store said...

"ငါ့ရင်ဘတ်ထဲမှာ ခုဆိုရင် ဟောင်းလောင်းပေါက်တွေနဲ့ ဖြစ်နေခဲ့ပြီ ကောင်မလေး။"
ဒီစာသားလေးကို ခိုက်သွားပြီ။
ဇော် ရေးသာချက်တွေအရမ်းကောင်းပါတယ်။
ချီးကျူးပါတယ်။စာရေးဆရာတာရာငိုငို လိုတောင်ပြောင်းခေါ်ရတော့မယ်။:P တကယ့်ဝါရင့် စာရေးဆရာဖြစ်နေပြီ။

Anonymous said...

ရေးသားထားတာတွေ တော့ တကယ်အားကျတယ် ဇော်ရေ..ခံစားချက်တွေ မိုက်တယ်
အဆင်ပြေပျော်ရွှင်ပါစေကွာ

မိုးစက်အိမ် said...

နောက်ဆုံး အကြောင်းလေးတွေကတော.
စားတယ်ဟာ သနားစရာလေးပါလားဗျာ
ဆွေးတာတွေ ချည်းဖတ်နေရတယ် :(
နာ.ရင်ထဲတောင်မကောင်းဘူး ငဇော်ရာ ...

မဟာဆန် said...

ညီမရယ် နာကျင်ခြင်းနဲ့ အဆုံးသတ်ရလား...ပြီးတော့ မိန်းမ ဆိုးတဲ့ ဇာတ်ကြီး...မီကောင်းဝူးအေ

မေဇင် said...

ဟာကွာ... ကောင်မလေး ရက်စက်တယ်.။

နှင်းနဲ့မာယာ said...

ဇော်ရေ
ကောင်မလေးက မေးလ် မစစ်အားလို့ပါတဲ့...
အဲလိုကြီးတော့ လုပ်ပါနဲ့...
ကောင်လေး တနားပါတယ်...
ညီမလေး လက်စွမ်းပြထားတာလေးက ဖတ်လို့ကောင်းတယ်...

မနှင်း

kyalkalay said...

ကျနော်ပေးတဲ့သီချင်းလားမသိ

ဘာဖြစ်ဖြစ်မိုက်၏

ငါ~ရင်ခွင်ပြောက်သူ
အကြိမ်ကြိမ်ကျင်နာခဲ့ဖူး
ချစ်ခွင့်မရှိရင်နေ ထွက်မသွားပါနဲ့

ahphyulay said...

ကျွန်တော့် အထင် အချစ်က ပူလောင်ပြီး အငွေ့ လို
ပျောက်ကွယ်လွယ်သောကြောင့် ကိုးကွယ်ရာဟူ၍
မမြင်ပါ။ စိမ့် အေးပြီး ဖြတ်ရခက်လွန်းသောသံယောဇာဉ်
တို့ သည်သာလျှင် ဆည်းကပ်ရာဟူ၍......။

ကြည်ဖြူပိုင် said...

နာကျင်မှုတွေကို ဟန်လုပ်ပြုံးနေခဲ့ပေမယ့် ငါ့ရင်ဘတ်ထဲကို နင်မြင်နိုင်မယ်ဆိုရင် ငါ့နှလုံးသား ကွဲကြေနေတာကို နင်တွေ့ရလိမ့်မယ်။


ကြိုက်တယ် ခိုက်တယ်။ ဒီစာသားတွေကို

jr.လွင်ဦး said...

သနားပါတယ်။ ဟင့်။ :'(

ဧရာဝတီသား said...

ဟိုက် ...ဖတ်မိတော့ မှ မှားမှန်းသိတယ် ညီဇော်ရေ၊
ခံစားချက်တွေ လာတိုက်ဆိုင်နေလို့ အဟောင်းတွေ အသစ်ဖြစ်ကုန်ပြီကွ။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ အနာပေါ် တုတ်ကျ၊ ဒဏ်ရာဟောင်းကိုမှ လာဆွရက်သကွာ။
တော်ပြီ နောက်တခါဆို ကြိုပြော၊ အသည်းကွဲဇာတ်လမ်း ဆို မဖတ်ဘူးမှတ်။ :D
ခင်တဲ့

လင်းစက့်ရာ said...

ကောင်မလေးက ဂျပန်မလိုက်ရင် ကောင်လေးက စင်ကာပူလိုက်သွားပေါ့ကွယ့် ။ သူကျတော့သူ့မိဘတွေကို မလွန်ဆန်နိုင်ဘဲနဲ့ ကောင်မလေးကိုတော့လွန်ဆန်ခိုင်းတာ ဘယ်တရားမလဲ...နော့။

တလနွန် said...

အချစ်စစ်မှန်ရင် အကွေ့ အကောက်ရှိစမြဲ လို့ ကြားဖူးတယ်။ သစ္စာမှန်ရင် ပြန်ဆုံကြပါစေလို့ ဆုတောင်းတယ်။ ညီဇော် ရေ လွမ်းအောင်ဆွေးအောင် ရေးတတ်ပါ့။

ခင်မင်ခြင်းနှင့်
ကိုည

Angel Shaper said...

ငဇော်... တယ်ဟုတ်နေပါလား...
ကွန်ပြတ်သွားလို့ မေလ်းလေး မစစ်မိတာ အပြစ်လား..
အဲလောက်ခံစားမနေနဲ့ လို့ ။ ခုချက်ချင်း ပြန် Reply ပါ မေလ်းပို့ထားတယ်လို့ ။ ပါ့စ်ဝါတ်ပျောက်နေတာလို့ ပြောလိုက်... ဒါပဲ

ကိုလူထွေး said...

ခံစားရပါလား ညီမရယ်...

ကိုလူထွေး said...

ဒေါကန်တာတွေ ပျောက်သွားပြီဆိုလို့...

းဝ)