အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, August 12, 2009

အညတရ အိပ်မက်များ

အလင်းတွေထဲ
အညတရဆန်ဆန် ငါနေမယ်။
အမှောင်ထုထဲ
အညတရဆန်ဆန် ငါနေမယ်။

ခြေလှမ်းတွေလည်း
အညတရဆန်ဆန် ငါနေမယ်။
အတွေးတွေထဲ
အညတရဆန်ဆန် ငါနေမယ်။

မင်းရှေ့မှာလည်း
အညတရဆန်ဆန် ငါနေမယ်။
ငါ့တစ်ယောက်တည်း
အညတရဆန်ဆန် ငါနေမယ်။

ချစ်ခြင်းမှာလည်း
အညတရဆန်ဆန် ငါနေမယ်။
ဒဏ်ရာတွေထဲ
အညတရဆန်ဆန် ငါနေမယ်။

ညနေကော်ဖီများနဲ့
အညတရဆန်ဆန် ငါနေမယ်။
စိတ်ချင်းနီးသူတွေထဲ
အညတရဆန်ဆန် ငါနေမယ်။

ငှက်တစ်စင်းရဲ့ ချစ်ခြင်းအားဖြင့်
အညတရဆန်ဆန် ငါနေမယ်။
ဧရာဝတီရဲ့ ရာဇ၀င်တွေထဲ
အညတရဆန်ဆန် ငါနေမယ်။

Globalization ထဲ
အညတရဆန်ဆန် ငါနေမယ်။
Global warming ထဲလည်း
အညတရဆန်ဆန် ငါနေမယ်။

လူငယ်တွေဟာ အနာဂတ်တဲ့
အညတရဆန်ဆန် ငါနေမယ်။
ပစ္စုပန်က နှုတ်ခမ်းနာနဲ့
အညတရဆန်ဆန် ငါနေမယ်။

ငြိမ်းချမ်းရေး ( လို့ဆိုတဲ့ ) စစ်ပွဲတွေထဲ
အညတရဆန်ဆန် ငါနေမယ်။
ငါမသိလိုက်တဲ့ သဘောထားတွေနဲ့
အညတရဆန်ဆန် ငါနေမယ်။

ရင်ကွဲနာကျ ကမ္ဘာထဲ
အညတရဆန်ဆန် ငါနေမယ်။
ကမ္ဘာပျက်ချိန်တောင်မှပဲ
အညတရဆန်ဆန် ငါနေမယ်။

တွေးရင်းတွေးရင်း
ငါ့ကိုယ်ငါလည်း ရယ်မိပါရဲ့
အညတရဖြစ်ဖို့
အညတရဖြစ်ကြောင်း
ခေါင်းစဉ် အကြီးကြီးတပ်လို့ရယ် ...၊
သူကိုယ်၌တောင်
( ငါနဲ့ လူတစ်ချို့ပဲ သိမယ့် )
အညတရဖြစ်မှန်း
ဒီကဗျာ မသိရှာဘူး ...။

လင်းစက်ရာ
၁၈၊၆၊၀၉

13 comments:

လင်းကြယ်ဖြူ said...

အညတရ ကဗျာကိုဖတ်ရင်း..
အညတရ..ခံစားချက်.တွေနဲ့.
အညတရ နေ့လေးဖြစ်မသွားအောင်...
အညတရ လေး နေလိုက်မယ်...

ပျော်ပါစေ..ဘော်ဒါရေ...

ဝက်ဝံလေး said...

ဂျော်ရေ အဲ ဇော်ရေ ငါတို့တွေလဲ အညတရ ပါပဲကွယ် ဟဲဟဲ စိတ်တွေ သိပ်ရှုပ်ထွေးနေလား ကွယ်

ပျော်ရွှင်ပါစေ နော် ဘိုင်

Angel Shaper said...

အညတရလေး ငဇော်ရေ... အညတရလေး လာသွားတယ်နော်။
ပျော်ရွှင်ပါစေဟာ။

Yu Ya said...

ဇော်ရေ...ကဗျာလေး ဖတ်သွားပါတယ်။
Nobody နဲ့ Somebody အကြောင်းတွေ ဖတ်ဖြစ်တိုင်း ဘယ်ဘ၀ကို ခုန်မင်လည်းဆိုတာ အခုထက်ထိေ၀၀ါးနေတုန်းပဲ။

မေလေး said...

အညတရ ညီမလေးဆီ
အညတရ မမ
လာလည်ပါတယ်

Unknown said...

စာဖတ်ရင်းနဲ့
အညတရဆန်နေမယ်။
မာန့်တဲ့အခါလည်း
အညတရဆန်နေမယ်။
ခွင့်လွှတ်ပါ။

တလနွန် said...

ကဗျာလေးကောင်းတယ် ညီဇော်။

ခင်မင်စွာနှင့်
ကိုည

ဒေါ်လေးလွင် said...

စိတ်ချင်းနီးသူတွေထဲ
အညတရဆန်ဆန် ငါနေမယ်။

ကြိုက်တယ်ဗျာ ...

မေဇင် said...

တို့လဲ သာမန်ညောင်ည အညတရလေးပါပဲ ဇော်...း)
ကဗျာလေး ကောင်းတယ်နော်

နွေဆူးလင်္ကာ said...

အညတရဆန်ဆန်ပဲ မန့်ခဲ့ပါတယ်။ အညတရ ကဗျာလေးကိုက အညတရဖြစ်နေလွန်းတော့ အညတရဖြစ်ကြောင်း မပြောပဲ သိလိုက်ပါတယ်။

ကြည်ဖြူပိုင် said...

ခြေလှမ်းတွေလည်း အညတရဆန်ဆန်ငါနေမယ်))))ဂွတ်ဒ်

မငုံ said...

လင်းစက်ရာ ရဲ့ အညတရဆန်တာလေးကို ခံစားသွားတယ်။
ရိုးရှင်းစွာ ခံစားတာ အကောင်းဆုံးပဲနော့

Anonymous said...

အညတရ ဖြစ်မှန်းခုတော့သိပြီ...။