အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, August 20, 2009

အစိမ်းသက်သက် ကဗျာ

ရင်ဖွင့်စကားဆိုစရာ
နာခံသူ့နားတစ်စုံဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊
အိပ်မက်တွေ ပြိုချိန်
အားပေးမယ့်လက်တစ်စုံဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊

သမုဒယတွေချိုဖို့
တုန့်လှည့်ကြည့် မျက်ဝန်းတစ်စုံဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊
ရင် ရင်ချင်းခတ်အောင်
ပြောတတ်တဲ့ စကားတွေဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊

လူပြောသူပြောများတဲံ
ပိုင်ဆိုင်မှုတွေဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊
ခြေလှမ်းတွေတိုးဖို့
ယုံကြည်မှုတွေဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊

နှလုံးသွင်းတတ်ဖို့
" ယောနိသော မနသိကာရ " က
ငါနဲ့ အစိမ်းသက်သက် ... ၊

ငါမဟုတ်တဲ့ ငါ့ကိုယ်ငါ
စကားစမြည်ပြောကြည့်တယ် ...
အသိခေါက်ခက်နဲ့
အကြည့်နက်နက်တွေကို
လွမ်းတဲ့အကြောင်း ... ။
သူက
........... အလွမ်းဆိုတာ
အလိုရမ္မက်မပြည့်ခြင်းတစ်ခုရဲ့
အမည်ပြောင်းနာမအဖြစ်
ခေါင်းစဉ်တပ်တယ် ....
ရွက်ပုန်းသီးမီးတစ်စက
ပြဿာဒ်ကို လောင်သလိုပေါ့ ...။

ငါ့အတ္တနဲ့ ငါသွန်းဆစ်
( ဇွတ်အတင်း )
အချစ်အဖြစ် ကြေငြာပစ်လိုက်တယ်
..........................................
..........................................
..........................................
..........................................

အရုဏ်တွေလင်းဖို့
ကယ်တင်ခြင်းသီချင်းလည်း
ငါနဲ့ အစိမ်းသက်သက် ... ။

ပန်းဖွဲ့စကား
ပြောမယ့်နှုတ်ခမ်းပါးလည်း
ငါနဲ့ အစိမ်းသက်သက် ... ။ ။

လင်းစက်ရာ
၂၅၊၆၊၀၉

16 comments:

Yu Ya said...

ဟေး...၁၁၁၁၁၁၁၁၁၁၁၁

Yu Ya said...

“အလွမ်းဆိုတာ အလိုရမ္မက်မပြည့်ခြင်းတစ်ခုရဲ့ အမည်ပြောင်းနာမ” တဲ့လား ဇော်ရေ..

ကျွန်တော် yu ya အတွက်ကတော့ အလွမ်းဆိုတာ သတိရခြင်းရဲ့ Superlative Degree (D3) လို့ သမုတ်ပါတယ်ဗျာ။

yu ya

Yu Ya said...

ဝေး... ၀က်ဝံပုတုကလေး.. ဘယ်မှာလဲ.. မလာသေးဘူးလား ၀က်ဝံပုတုကို ကိုသားကြီး သေနတ်နဲ့ ပြစ်မလို့ စောင့်နေတယ်..

Yu Ya said...

ဝေး...ကြယ်ကလေးကော.. မလာသေးဘူးလား...
ကြယ်ကလေးကို ဘယ်သူ လေးခွနဲ့ စော်ထားလို့လဲ..

Yu Ya said...

သမီးကြီး အိမ်ကျယ်ကော.. မလာသေးဘူးလား.. အိမ်ကျယ်ပြီး သန့်ရှင်းရေး လုပ်နေရလို့ထင်တယ်..အဟီး။

Yu Ya said...

ကိုသားကြီးကော.. လက်စသတ်တော့ သူက သိုးနေတာကိုး...

နေပလေ့စေ။ ဘယ်သူမှ မလာလဲ တော်ပြီ။

ပြန်ပြီ..ဇော်ရေ. တော့တာ.

Anonymous said...

ဇော် ရေ
အစိမ်းသက်သက်ကဗျာလေးကို
မကျက်ခင် အချိန်မှာ လာဖတ်သွားတယ်

မိုးမိုး

မိုးစက်အိမ် said...

ငါ.အတ္တ နဲ. ငါသွန်းဆစ်
ဇွတ်အတင်း
အချစ်အဖြစ် ကြေငြာပစ်လိုက်တယ် ...
စားတယ် ငဇော်ရာ လုံးဝ ဘဲ :)

ဝက်ဝံလေး said...

ဇော်ရေ အစိမ်းသက်သက် ကဗျာလေး ကို လာဖတ်သွားတယ်

ဘယ့်နှယ့် ကိုယုယကြီးမကြိးမငယ်နဲ့ လာသောင်းကျန်းနေတယ် ဟွန်းးးးးး တိုင်ပြောမယ် မဟေသီနဲ့

လင်းကြယ်ဖြူ said...

ကောင်းလေစွ..ကောင်းလေစွ
စကားများများမပြောနိုင်ဘူး ဆေးနှစ်လုံးအထိုးခံထားရတာ
တော်တော်ဂိနေပြီ..ဒါပဲ...
ပျော်ပါစေလေကွယ်...

yangonthar said...

ညီဇော် နုရွပြီးလှနေတဲ့ စာသားတွေပဲကွာ မိုက်တယ် :D

ဧရာဝတီသား said...

အစိမ်း သက်သက် ကဗျာ ကို အစိမ်းသက်သက်လာဖတ်သွားတယ်။ အခုတလော အစိမ်းစားချင်နေတာနဲ့ အတော်ပဲ။ အစိမ်းရောင် နှလုံးသားတွေနဲ့ စိမ်းကားတဲ့ အကြည့်တွေကို မုန်းနေတာလည်း ကြာပြီ။ ( သီချင်း အစိမ်းနဲ့ နှုတ်ခမ်းပါး အစိမ်း ကတော့ အခုမှ ကြားဖူးတာ )

ကဗျာလေး ကောင်းတယ် ညီရေ၊ နေကောင်းအောင်လည်း နေဦး။

Sein Lyan Tun said...

အစိမ်းသက်သက်လာခံစားတယ်


ချစ်တဲ့

ဖိုးစိန်

နေဒေးသစ် said...

ကဗျာတစ်ပုဒ်ရဲ့ နူးညံ့မှု ဆိုတာ
ရင်ခွင်တစ်ခုထဲ ဖြေးဖြေးချင်း တိုးဝင်သွားတတ်မှန်း
ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘူး ..

နေဒေးသစ်။

Anonymous said...

အစိမ်းသက်သက်ဆိုတော့ ကျက်သွားအောင် မီးကင်ပေးရမလား၊ ဒါမှမဟုတ် ပြုတ်ပေးရမလား၊ ချက်ပေးရမလား၊ နုတ်နုတ်စင်းပြီး ကြော်ပေးရမလား၊ ငါးခူစင်းကောလို အသားတွေ မွှန်းပြီး အကောင်လိုက် ကြော်၊ ကင်၊ ချက်၊ ပြုတ် ကြိက်တာလုပ်လို့ ရတယ် ပြောသာပြော အားမနာနဲ့

ထင်လင်းအောင် said...

ရင်... ရင်ချင်းခတ်အောင် ပြောတတ်တဲ့ စကားလုံးတွေဟာ လည်း ငါနဲ့ အစိမ်းသက်သက်...လူပြောသူပြောများတဲ့ ပိုင်ဆိုင်မှုတွေဟာ လည်း ငါနဲ့ အစိမ်းသက်သက်......
****
အရမ်းကောင်းတဲ့ စကားလုံးလေးတွေပဲ...