အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, August 18, 2009

လွမ်းလို့စောင့်မျှော်နေသောကြယ်

ကျွန်တော့်တွင် တိတ်ဆိတ်သောညများစွာရှိပါသည်။
တိတ်ဆိတ်မှုအောက်တွင် တိုးတိတ်စွာ ဖွင့်ထားမိသည့် အတိုးတိတ်ဆုံး သီချင်းသံ တစ်စုံတရာရဲ့ ချော့သိပ်မှုအောက် ကျွန်တော် နတ်သမီးအိပ်မက်ကို မက်ချင်ခဲ့သည်။
ရုတ်တရက် လန့်လန့်နိုးတိုင်း ကွန်ပြူတာရဲ့ ထောင့်တစ်နေရမှာ ကပ်ပြီး ဖွင့်ထားခဲ့တဲ့ သူ့နစ်လေးဆီ ကျွန်တော် လှမ်းကြည့်မိတတ်စမြဲ။
သူဝင်မလာနိုင်မှန်းသိပေမယ့် ကျွန်တော့်တွင် လူမရှိသော ထိုနစ်ကလေးအတွက် မျှော်လင့်ချက်တွေ မီးထလောင်ခဲ့ဖူးသည်။
ကျွန်တော့်ဥယျာဉ်တွင် မပွင့်သေးသော ပန်းပေါင်းများစွာ ရှိနေခဲ့သည်။
အေးစက်စွာ အိပ်မပျော်တဲ့ညတွေကို ဖြတ်သန်းရလေတိုင်း ကျွန်တော့်တွင် တွယ်တာစရာ တစ်စုံတရာသည် ထိုနစ်ကလေးသာ ဖြစ်နေတတ်ခဲ့သည်။
ထိုနစ်ကလေးသည် ကျွန်တော့်ချစ်သူ၏ ကိုယ်စားလှယ် ဖြစ်ပြီး ကျွန်တော်၏ သစ်ပင်လဲ ဖြစ်သည်။ ကျွန်တော့်တွင် ပိုင်ဆိုင်ရာ သိပ်မရှိခဲ့ပါ။
အဝေးတစ်နေရာက ကြားလိုက်ရတဲ့ အရာတိုင်းစီအတွက် ကျွန်တော့်တွင် ပြန်ထူးစရာ အသံတို့ မရှိခဲ့တာ အတော်ကြာခဲ့ပြီ။
ကျွန်တော်က တိတ်ဆိတ်စွာ ပျောက်ဆုံးချင်နေသူ။
ကျွန်တော်ဘာကိုမှ မက်မောတွယ်တာခြင်း သိပ်မရှိပါ။
ကျွန်တော့်တွင် တွယ်တာစရာ တစ်ခုသာ ရှိခဲ့သည်။
နစ်ကလေး ဘယ်တော့ လင်းလာမည်နည်း။ သက်ရှိတိုင်း ပိုင်ဆိုင်ရာ ကိုယ်စီရှိကြသည်ဆိုလျှင် ကျွန်တော့်တွင်တော့ နစ်ကလေးနှင့်ပတ်သတ်၍ မျှော်လင့်ချက်တစ်စုံတရာသာ ရှိသည်။
ကျွန်တော်အိပ်မပျော်နိုင်စွာ စောင့်ကြည့်နေရင်းမှ နစ်ကလေးများ စူးရှစွာလင်းလာမည်လားလို့ စောင့်မျှော်ခဲ့ရသည်မှာ ကုဋေနှင့်ချီပြီး အချိန်တွေကြာနေသလို။
နှောင်တွယ်မှုတွေကင်းတဲ့ သစ်တစ်ပင်ဖြစ်ချင်တယ်လို့ ကြွေးကြော်မိတဲ့ ကျွန်တော့်ရဲ့ ရေသောက်မြစ်ဟာ အဲ့ဒီနစ်ကလေး ဖြစ်လာခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပါ။
တစ်ကြိမ်တစ်ခါလောက်တော့ေ၀၀ါးစွာ စဉ်းစားမိခဲ့ဖူးသည်။
ငါ့ကို ဂရုသိပ်စိုက်တာဆိုတဲ့ ဆန္ဒတစ်စုံတရာကြောင့်များ မျှော်လင့်ခြင်းတွေနဲ့ တည်ဆောက်ခဲ့တာလားဟု။
အချစ်ဆိုတာ လိုအပ်မှုတွေ ပါးပါးလေးပျော်ဝင်နေတဲ့ ဆန္ဒများလားလို့ပင်။
တကယ်က အချစ်ဆိုတာ သိပ်နက်ရှိုင်းတဲ့ ပင်လယ်တစ်ခုပဲဖြစ်သည်။
သူဟာ သစ်တစ်ပင်လဲ ဖြစ်သည်။
သံခင်းတမန်ခင်း အသုံးအနှုန်းတွေလဲ ငါမသုံးနှုန်းတတ်ခဲ့ပါဘူးချစ်သူ။ နစ်လေးတစ်ခုကို ရူးသွပ်စွာ လင်းလာစေဖို့ပဲ မျှော်လင့်နေတတ်ခဲ့တာ ငါ့အတွက် အမှားတစ်ခုလိုများလားကွာ။
ကျွန်တော် ကွန်ပြူတာရဲ့ ဒေါင့်စွန်းလေးကို ကြည့်ရင် ခပ်ညည်းညည်းပြောမိတော့ ကျွန်တော့်ရဲ့ကွန်ပြူတာလေးက ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်။
လွမ်းနေပြီလား ကလေးရာ တဲ့။
လွမ်းတာပေါ့ဗျာ။ မတွေ့ရတာ ၃ရက်ရှိနေပြီ။ စိတ်ပူတယ်ဗျာ လို့ပြောမိတော့ ကွန်ပြူတာက ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည်။
ကျွန်တော် နဲနဲတော့ ရှက်သွားမိသည်။
သို့သော် ကျွန်တော် မရှက်တော့ပါ။
အရှက်သည် ဖုံးကွယ်ထားသော အမှန်တရားဖြစ်သည်။
ဖြူလဲ့လဲ့ အလင်းရောင်အောက်မှာ ကျွန်တော်ငြိမ်ငြိမ်လေး လှဲနေမိသည်။
ကျွန်တော့်အတွးထဲတွင်တော့ ဘယ်အချိန်မှာ ဒီနစ်လေး လင်းလာမှာပါလိမ့်လို့ ...။

23 comments:

ဝက်ဝံလေး said...

ရွေ ငါ ၁ တဲ့ နိပ်ဟ

ဝက်ဝံလေး said...

အွန့် ကိုယ်ချင်းစာပါတယ် ဇော်ရယ် သူမအားလို့ မလာနိုင်သေးတာ နေမှာပါ သိပ်လဲ စိတ်မပူပါနဲ့နော် အဟီးးးး ဘာလဲတော့ သိပ်မသိဘူး ရမ်းသမ်းပြီး အားပေးသွားတာပဲ ဟားးးးဟားးးး အဲ သူများက စိတ်မကောင်းဖြစ်နေပါတယ် ဆိုမှ ဒီ ဝက်လေ အလိုက်မသိ လာရယ်နေတယ် ဟဲဟဲ ဇော်ရေ ပျော်ရွှင်ပါစေ ကွယ်နော် ဘိုင် တာ့တာ

ဝက်ဝံလေး said...

ကဲ မေ့သမီးကြီး အိန်ဂျယ် ဒီတခါ ငါ ၁ ကွ သိလား ကဲ အားလုံး ငါ ၁ နော် ဘာမှတ်လဲ ဟွန်းးး ဝက်တဲ့ကွ တဝက်တည်းရှိတယ် နှစ်ဝက်ဆိုရင် ဝက်သားတုတ်ထိုးလုပ်ပလိုက်မယ် ဘာမှတ်လဲ ဟွန်းးး အွန့် ပြောရင်းနဲ့ ဝက်သားတုတ်ထိုးစားချင်တယ် ရှလွတ်

ဝက်ဝံလေး said...

ရော် ဘီလူးမလဲ မလာကြသေးပါလား ငါတယောက်တည်းလား ဂလိုတော့မနိပ်ဘူးလေ ဟေ့ လာကြလေ ကွယ် ရောင်းရင်းများ ငါ ပျင်းတယ် ကွာ မလာလဲ နေကြတော့ ငါလိမ့်တော့မယ် ဒုန်းးးးဒုန်းးးးးးး
အရင်ကလဲ ဖလပ်ဖလပ် မဟုတ်တော့ဘူး ပြောင်းသွားပြိနော် ဘိုင် တာ့တာ

မယ့်ကိုး said...

ညီမလေးရေ...ကောင်းလိုက်တာ။ heart ထိသွားပြီ။ :)

Beauty Studio USA Branded Store said...

ဒါမှဇော်ကွ မော်ဒန်ဝတ္တုတိုလေးကွာ။ ဇော်ရေးတိုင်းကောင်းတယ်။ဟေ့ဇော် အိမ်နာမည်က ကောင်းကင်ရဲ့ကြယ်ဆိုတော့ ငါလဲ အမည်လိုက်ပြောင်းရတော့မလားပဲ။ ဘာကြယ်တွေမှည့်ရင်ကောင်းမလဲ?
ကြယ်ငွေ့တန်းများလိုဆိုရင် ကောင်းမလား။
ဒယ်ဝင်ကြူဂင် ကောင်းမလား။
ဖျောက်ဆိတ်ကြယ်တာပဲကောင်းမှာပါ။:P
သစ်ပင်ကျူးပစ်ကလေး ရှင်သန်ပျော်ရွှင်ပါစေ။

Angel Shaper said...

သူလဲလွမ်း။ ကိုယ်လဲလွမ်း။ လူတွေ အကုန်လုံး တစ်မျိုးစီလွမ်းနေကြပြီလားဟ။
တော်ချက်ကယ်။။။ ဒါ နာ့နမလေး ရော်ရော်တွ။ ဟဲဟဲ။။
ဗြဲ........
ဘကြီးချမ်းက ကြယ်လုပ်မတဲ့လား။
ဘကြီးကြယ်ပေါ့။ ဟိဟိ
ဝက်ကလေးက တယ်သောင်းကျန်းသကိုးးးးးးးးး
တုပ်ထိုးလုပ်စားပစ်မယ်နော်။ သတိ။ သတိ။ သတိရှိလေ။

ကြည်ဖြူပိုင် said...

3ရက်ကြာပျောက်နေတဲ့နစ်ကလေးရေ..အမြန်ပြန်လာပါတော့..ဇော်စိတ်ပူနေပါတယ်


ကဲ..ကူပြီးအော်ခဲ့ပြီနော်..ပျော်ပါစေဇော်

ဧရာဝတီသား said...

ဘယ်လင်းမတုန်းဟ၊ ဟိုမှာ မီးပျက်နေတဲ့ ဟာကို၊ ဒါတောင် မသိဘူး။ ကဲကဲ မလွမ်းနဲ့တော့ မနက်ဖန် မီးပြန်လာ တော့ မှာတဲ့။

နှောင်တွယ်မှုတွေ ကင်းတဲ့ သစ်တစ်ပင် ဖြစ်ချင်တယ်လို့ ကြွေးကြော်မိတဲ့ ကျွန်တော့်ရဲ့ ရေသောက်မြစ်ဟာ အဲ့ဒီနစ်ကလေး ဖြစ်လာခဲ့လိမ့်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပါ။ ... အဲဒီ အရေးအဖွဲ့လေး ကြိုက်တယ်။

မေဇင် said...

ဇော်ရေ....မျှော်ရ တဲ့ဒုက္ခကို ကိုယ်ချင်းစာမိပါတယ် ကွယ်..။

sweety said...

ဇော်ရေ..ပြန်လာခါနီးမှပိုလွမ်းတတ်နေတယ်ပေါ့..

jr.lwinoo said...

ဇော်ရေ.. အမြန်ဆုံး လင်းလာပါစေကွယ်။

မြစ်ကျိုးအင်း said...

စာရေးတတ်တဲ့သူများ ဖျတ်ခနဲပေါ်တဲ့ ခံစားချက်တခု ကိုတောင် ဖတ်ရတဲ့သူ ရသတခုပေါ်အောင် ရေးတတ်ကြ တယ်....။

ညီမလေး ဆက်ကြိုးစားနော်....။ စာအရေးအသားနဲ့ ပါတ်သတ်ရင် အဆင့်တခုမှ ရှိနေတယ်..။

နင့်စိတ်ထဲမှာ မအောင်မြင်ဘူးလို့ မထင်နဲ့ ငါကစာဖတ် ရင် စာဖတ်သူတယောက်အနေနဲ့ပဲ ဖတ်တယ် ...။
ရသစာပေကို တကယ်မြတ်နိုးတဲ့သူတွေက ချွဲချွဲပစ်ပစ် မပြောတတ်ကြတာကိုလည်း အားနည်းချက်လို့ မထင်နဲ့။
ငါပြောတဲ့ချွဲချွဲပစ်ပစ်ဆိုတာ အပေါ်က ကွန်မန့်ပေးသွား တဲ့ ၀က်ကလေးတို့ အိန်ဂျယ်တို့လိုခင်ခင်မင်မင်ပြောတာ
မျိုးမဟုတ်ဘူး...။သူတို့တွေက ခင်ခင်မင်မင်ပြောတာ။
ချွဲပစ်တာ ဘယ်လိုလည်းဆိုတာ မြင်ဖူးမှာပါ..။

အားမငယ်နဲ့ ဖြေးဖြေးနဲ့မှန်မှန်ကြိုးစားပေါ့...။

မိုးစက်အိမ် said...

ငဇော်ကတော. တော်တော်လေး လွမ်းနေပုံပါဘဲ
နက်သုံးလို. အဆင်မပြေတာလည်းဖြစ်ချင်ဖြစ်မှာပေါ.
စိတ်မပူပါနဲ. ငဇော်ရ ...

သားကြီး said...

ဝက်ဝံကလေးတော်တော်သောင်းကျန်းထား
ပါလား ကွန်ပြူတာကိုပြန်ပြောလိုက်ပါ
အများကြီးမရယ်နဲ့လို့
အချစ်အကြောင်းကို လူပဲသိတယ်လေ
ကဲ နစ်လေးမလင်းသေးဘူးလား?
အားပေးမှုအတွက်လည်းကျေးဇူးပါ
ကျနော့်စာဖတ်လို့ရယ်ရတယ်လို့ကြားရင်
ကျနော်လည်းပျော်ပါတယ်
ပြန်ပြီနော် ။

Anonymous said...

" ဂျီတော့လေး ဖွင့်ပြီး စောင့်နေပါတယ်လို့ " ၁ ကြောင်းထဲရေးရင်လည်း ရတာပဲဗျာ စာရေးဆရာကလည်း ရေးလိုက်တာ ၁ မျက်နှာလည်း ပြည်တာပဲ မစိုးရိမ်ပါနဲ့  နစ်ကလေး အမြဲတမ်းစိမ်းအောင် ကျနော်
တိုက်တွန်းပေးပါ့မယ် ..:D

ပုံ့မေ said...

ဇောရယ်...မျှော်ရတာ ရင်မောပါတယ်ကွယ်..လုံးဝမကောင်းပါ။

အားလုံးမျှော်ခြင်းဒွတ်ခမှကင်းဝေးစေကြောင်း...ဟိဟိ

ခင်တဲ့

ကျေးဇူးတင်ပါတယ် ဘလော့အသစ်လေး လာအားပေးလို့ ....

လသာည said...

ဇော်က စာရေးတကယ်ကောင်းတာပဲ။ ဖတ်လို့ကောင်းလိုက်တာ။

နွေဆူးလင်္ကာ said...

ခံစားချက်ဝတ္တုလေးက ချစ်စရာကောင်းတယ်။

စည်သူ said...

အော်.......

ချစ်ခဲ့ဖူးသည်
လွမ်းလည်း လွမ်းခဲ့ဖူးသည်..

ဒါပေမယ့်..
ဘာပြောရမှန်းမသိပါဘူး..

ဖွဲ့ဆိုမှု.. အရမ်းကောင်းပါတယ်ညီမရေ...
လွမ်းဟ.. လွမ်းဟ..

လင်းကြယ်ဖြူ said...

ဥုံဖွ ...ကိုင်း..လာလေ့..
နစ် ကလေး ..အမြန်လင်းစေသတည်း....
မလင်းဖူးလား...ရတယ်..ယတြာ ချေပေးမယ်..
နောက်ကြုံရင် ဥာဏ်ပူဇော်ခယူလာပါ....
နောက်တာ..
တကယ်ကို တိုတိုလေးနဲ့ ကောင်းတယ်...ဆက်ဆွဲ..
ဘော်ဒါရေ...အားပေးနေပါတယ်..
ပျော်ပါစေကွယ့်...

yangonthar said...

ညီဇော် ပက်လက်ကိုလန်သွားတာပဲ တကယ် မျှော်လင့်ချက်တွေ မီးထလောင် ဖူးခဲ့ တယ်တဲ့  လား လက်ဖျားခါကောင်းတယ် ဆက်လက် ချစ် စေဗျား ...... :D
ကို၇န်ကုန်
အေးမြသာယာပါစေ
:D

မိုးခါး said...

မျှော်ရတဲ့ ဒုက္ခ ချစ်ရတဲ့ ဒုက္ခ ဟူး အကုန် ဒုက္ခပဲလားမသိဘူး .. :D