အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, May 5, 2009

ချစ်ခြင်းငယ်သီ မယ့်ကိုချီ

နှမလေး ပျိုမေ့အချစ်ကို
ရချင်ပါမူ
ချိန်ခါမလိုက်၊ ဆိုက်ဆိုက်မြိုက်၍
ပျိုမေ့ရင်ကို ကြည့်ပါလေ။

နှမလေး ပျိုမေ့မှာဖြင့်
ရာသီဖူးစ၊ ပန်းငုံလှသစ်
ပန်းဖူးတစ်ခြုံ၊ ပန်းရုံတစ်သွယ်
နုသစ်ငယ်သွေး၊ ယဉ်အစနှင့်။

နှလုံးသားမှ ဖြတ်သန်း
အချစ်ပန်းနှင့်၊ အလွမ်းငယ်ဖြေရာ
နှမလေး ပျိုမေစိုက်တဲ့
ပန်းဥယျာဉ်သာ
ပျို့ချစ်သူ စစ်သည်မောင်ကြီး မလာပါသည်
မလာကတဲ
ပျိုလေးမှာဖြင့် ၀မ်းမနည်း။

မျှော်ရေးငယ်မှ သာရည်
ပျိုလေးချစ်သူ၊ သားကောင်းစစ်သည်
စစ်ပြန်အောင်လျှင်
ပန်းစံပါယ်ကုံး၊ ဆွတ်ချူသုံး၍
အောင်ပန်းတစ်ခက်၊ လှမ်းချေဆက်ဖို့
ပျိုလေးရင်မှာ သီကုံးတယ်။

မိုးချုပ်ကယ်မှနေ၀င်
မတွေ့ရတာ၊ ကြာတောင်ကြာမှ
ရင်တွင်းတစ်နေရာ၊ တောင့်တကာဖြင့်
ညချမ်းချိန်ခါ၊ လေသာပြတင်း
ထိုင်ကာငေးမိ၊ ပန်းစံပါယ်ကုံး
ဝေေ၀ထုံးလျှက်၊ ပျို့ချစ်သူမောင်ကြီးအလာကို
မျှော်မိတယ်လေး။


ဇော်။

9 comments:

Sein Lyan Tun said...

ကောင်းလိုက်တဲ့ကဗျာ
အကိုပညာရေးဝန်ကြီးဖြစ်ရင်
ဒီကဗျာကိုသင်ရိုးညွန်းတမ်းထဲမှာထည့်ပေးမယ်
အဟီးး
ပျို့ချစ်သူမောင်ကြီးလာရင်ဘာလုပ်မှာလဲ
ဆက်ရေးလေ
မယ်ဇော် ရေးတဲ့ချီအိုင်ချင်းလေးကောင်းတယ်

တောင်ပေါ်သား said...

ကဗျာလေးကို လာခံစားတယ် မဆိုးဘူး တော်တော်ကို တော်တယ်ဗျာ.. ဆက်လုပ်


လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

အမှန်ပြောရရင် ဖတ်ရင်းနဲ့ ရှေးကဗျာတပုဒ်ကို ပြန်မျှဝေ
တာလို့ထင်ခဲ့မိတယ် ၀န်ခံတာတွေ့မှ အံ့သြမိတယ်..
ဒီလိုကဗျာမျိုးရေးတဲ့ သူတွေ သိပ်များများ မရှိတော့ဘူး
ထင်မိတယ်...ကျွန်တော်လည်း မော်ဒန် ကဗျာရေးပေမယ့် အထင်မကြီး ပါနဲ့ဗျာ စကားလုံးရှာ ရတာ ဖောဖော သီသီရှိတာရယ် ကာရံရှာရတဲ့ ဒုက္ခက လွတ်တာရယ်ကြောင့် ရေးဖြစ်တာပါ..သူများတွေတော့ မသိဘူးပေါ့...ဒီလိုရေးနိင်တာ တကယ်တော်ပါတယ်ဗျာ
ဆက်လက်ထိန်းသိမ်းထားစေချင်ပါတယ်။
...ခင်မင်သောအားဖြင့်...

မြစ်ကျိုးအင်း said...

ဇော်သာ ကျွန်တော့်ညီမလေး ဖြစ်ခဲ့ရင် ဇော်ကဗျာထဲက မျှော်တဲ့ လူတန်းစား မျိုးကို မမျှော်ခိုင်းပါဘူး...ရှေးကဗျာတွေက မျှော်တာ တန်ဘိုးရှိတယ်လေ..
ဒါကကျွန်တော့ခံစားချက်သက်သက်ပါ...

yehtutnaung said...

ညီမလေး.. အခုလိုခေတ်မှာ အိုင်ချင်းလိုမျိုး ကဗျာအမျိုးအစားတွေကို တစိုက်မတ်မတ် ရူးသွပ်တဲ့အတွက် လေးစားပါတယ်ဗျာ။ ဆက်ရေးပါ။ အားပေးနေပါတယ်။ ပြီးတော့ ရှေးခေတ် ကဗျာလေးတွေ သိမ်းထားတာ ရှိတယ်ဆိုရင်လဲ ဝေမျှပါဦး။
ဒါနဲ့  ရေခဲချောင်း တချောင်း ဘယ်လောက်လဲ.. :P

အိုက်ခီလောက် said...

အင်း သိနေပါတယ် စတွေ့ ကတည်းကေ၇းလာတဲ့ကဗျာတွေကို ဖတ်လိုက်ရကတည်းက
ပါရမီရှင်တစ်ယောက်ပဲ ဆက်ေ၇းပါ အားပေးနေပါတယ် ဂျစ်ညီမရေ မတိမ်ကောအောင် ဆက်လက်ထမ်းဆောင်နိုင်ပါစေဗျာ

မငုံ said...

ကောင်းလိုက်တာ။ အစက ဟိုးရှေးက ရေးတဲ့ ကဗျာလို့ထင်မိနေတာ။ ဇော်..တော်တယ်ဗျာ။ မငုံကတော့ ကဗျာပဲဖတ်တတ်တယ်။ ရေးတတ်ဘူးရယ်။ဒီလို ကဗျာမျိုးလေး ထပ်ရေးပေးပါဦး။

ကို said...

ကဗျာလေးကို တကယ်ပဲကြိုက်ပါတယ်။ ကိုယ့်မိန်းမမို့ ကိုမြှောက်ပြောတာမဟုတ်ပါဘူးဗျာ။ သူရဲ့အဲ့ဒီ ကဗျာတွေကြောင့်ပဲ သူ့ကိုပိုကြွေသွားစေတာ။

Anonymous said...

၁၀ တန်းအောင်ကတည်းက ဒီလို ကဗျာကောင်းလေးတွေ မဖတ်ဖြစ်တာ ကြာပြီ .... မဖတ်ဆို ဘယ်သူမှလည်း ဒီဘက်ခေတ်မှာ ဒီလိုကဗျာမျိုးကို မရေးကြတော့ဘူးလေ ... ဝါသနာကြောင့်လို့ ပြောရမလား လွတ်လပ်မှုကြောင့်လို့ ပြောရမလား .. မော်ဒန်ဘက်ကိုပဲ တော်တော်များများ အားသန်သွားကြတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အားရင် တောင်ခြစ်မြောက်ခြစ် မော်ဒန်လိုလို ဂျော်ဒန်လိုလို ရေးဖြစ်တယ်။ ရေးပြီး ကိုယ့်ဟာကိုယ်တောင် နားမလည်ဘူး ... :D စာလုံးလှအောင် တွေ့ရာစာလုံး ဆွဲသုံးထားတာဆိုတော့ ဘယ်လိုလုပ်ဘာသာပြန်လို့ ရမတုန်း ...:D တစ်ချို့ တကယ် ရေးတတ်တဲ့ သူတွေ ကျတော့လည်း မော်ဒန်ကဗျာဆိုပေမယ့် စာဖတ်သူ နားလည်အောင်ဆွဲခေါ်နိုင်ကြပါတယ်။ ညီမရေးတဲ့ ကဗျာတွေကတော့ နားလည်လွယ်ပြီး ရေးဖွဲ့ရခက်တဲ့ ကဗျာမျိုး .. မော်ဒန်ကဗျာလို လွတ်လပ်မှု မရှိဘူး .. စကားလုံး ဖွဲ့စည်းမှု နဲ့ ချိတ်ဆက် သီဖွဲ့မှု မှန်ကန်ရတယ် ... အဆက်အစပ်လည်း ရှိရတယ်။ ရည်ရွယ်ချက်ကိုလည်း ပေါ်လွင်အောင် ရေးနိုင်ရတယ်။ အဲလိုရေးနိုင်မှလည်း မြန်မာ ကဗျာကောင်း စစ်စစ်တစ်ပုဒ် ဖြစ်တယ်။ အခက်အခဲတွေကြားက ကြိုးစားဖွဲ့သီထားတဲ့ ဒီကဗျာလေးဟာ အရမ်းပညာရှင်မဆန်ပေမယ့် ရသမြောက်တယ် ပြောလိုတဲ့ အကြောင်းအရာကို ပေါ်လွင်တယ် လေးလုံးစပ်တွေကလည်း အချိတ်အဆက်မိတယ် ... ကဲ ကောမန့်လည်း တော်တော်ရှည်ပြီ အတိုချုံးပြောရမယ်ဆိုရင်တော့ မြန်မာ့ ကဗျာစာပေလောကအတွက် ထွန်းတောက်မယ့် လက်သစ်တစ်လက်ဆိုတာ သေချာပါတယ်။ ဆက်လျှောက်ပါ .. အားပေးနေပါမယ် ...