အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, May 17, 2009

ဒဏ်ရာ

အဲ့ဒီနေ့ကပေါ့
ခွဲခွါခြင်းမှတ်တိုင်
နှုတ်ဆက်ခြင်း ပြယုဂ်
ခြောက်သွေ့ဆဲ နှုတ်ခမ်းပါးတို့
ဒီရင်ကို တမြေ့မြေ့လောင်ကျွမ်း

အဲ့ဒီနေ့ကပေါ့
ကျလုလုမျက်ရည်
ထိန်းချုပ်ခြင်းကမ်းပါး
ဟန်ဆောင်ရိပ် အပြုံးတို့
မျက်နှာပြင်ထက် ရိုက်ခတ်

အဲ့ဒီနေ့ကပေါ့
ပြောမထွက်တဲ့ စကားလုံးအချို့
နင့်ခနဲ မြိုချ
နာကျင်ခြင်း ရင်အစုံ
အရာအားလုံးကို ကျောခိုင်း

သြော် ...
အဲ့ဒီတစ်နေ့ မှောင်မိုက်လိုက်ပုံများလေ...
တိမ်တွေတောင် ပြိုလို့ ...။

( စာကြွင်း >> အလဲ့။ တယ်ဟုတ်တဲ့ငါပါလားနော်။ မော်ဒန်ကဗျာဆိုပြီး ဖောထည့်လိုက်တာ အလုပ်ဖြစ်သားဟ။ အဟီးး။ ဒီခံစားချက်က ကျွန်တော်မြန်မာပြည်က စထွက်တဲ့နေ့ စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန်လေဆိပ်မှာ ကျွန်တော့်မိသားစုနဲ့ ချစ်သူကို ကြည့်ပြီး ကျွန်တော် နာကျင်ခဲ့ရတာကို ရေးသားထားတာပါ။ မော်ဒန် ဟုတ် မဟုတ် မှန် မမှန်တော့ မသိပါဘူးဗျာ။ ကိုကျိုးရဲ့ အရူးဘုံမြှောက်ပေးမှုနဲ့ ဒီအရူး ကျွန်တော်က တင်လိုက်ပါတယ်။ ကောင်းရင်တော့ ကျွန်တော့်ကိုသာ ချီးကျူးစေချင်ပါကြောင်း နဲ့ မကောင်းရင်တော့ ကျွန်တော့်ကို မြှောက်ပေးတဲ့ ကိုကျိုး ( မြစ်ကျိုးအင်း ) ကိုသာ ၀ိုင်း၍သမကြပါရန်။ ဟီးဟီး။ )

10 comments:

Unknown said...

soe par woo

မြစ်ကျိုးအင်း said...

လုပ်ချလိုက်ပြန်ပြီ..သူတင်မယ်ဆိုလို့ လာကြည့်လိုက် ပြန်သွားလိုက်နဲ့ ငါ့မှာတော့ အလုပ်များလိုက်ရတာ
...ဒါပေမယ့် ကိစ္စမရှိပါဘူး..ဒီကဗျာလေးက ကောင်းတာပဲ...။

မြစ်ကျိုးအင်း said...

ငါကရှေ့ဆုံးမန့်တယ်ထင်နေတာ ..သတင်းပြန့်တာမြန်ပါ့
..ဆက်ကြိုးစားထား...

သီဟသစ် said...

ကောင်းပါ့ ဇော်ရေ..

မိုက်တယ် ကဗျာတော့ ငါက မရေးတတ်ဘူး..

yehtutnaung said...

လာဖတ်သွားပြီ ဟေ့။ Cheer!!!!

အိုက်ခီလောက် said...

လာဖတ်ပြီး လွမ်းနေတယ် ဆိုတာပေါ်လွင်တယ်ဟေ့
ဆက်ရေး ဂျစ်ညီမရေ

Anonymous said...

ကဗျာလေး က ကောင်းတယ်..လုပ်စမ်းပါကွာ ခံစားချက်အမှန်တွေရေးထားတာတွေက တကယ်ခံစားတက်ရင်ကောင်းပါတယ်
အားပေးလျက်ပါဗျာ
အဆင်ပြေပျော်ရွှင်ပါစေ

Sein Lyan Tun said...

ကောင်း၏
တော်၏
ဆက်ရေးပါ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Nyi said...

Edar ko kg kg ti par tal byar, Kan sar puu tal lu tine pop.

Anonymous said...

ကိုကျိုးကလည်း ပညာရှင်တစ်ယောက်ကို ထွန်းတောက်စေတယ် .. ဇော်ကလည်း လက်ရာစွမ်းကို ဖော်ထုတ်နိုင်တယ် .. ၂ ယောက်လုံးတော်တယ် ..