အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, May 20, 2009

ရူးတဲ့ကြယ်




ငါ ..
မျှော်လင့်ခြင်းတွေနဲ့
တိတ်တိတ်လေး ထွန်းလင်းခဲ့ဖူးတယ် ..

ပျော့ညံတဲ့သူပါ ..

မသွားခင်က ပြန်
မပြိုင်ခင်က ရှုံး
စိတ်ကူးတွေနဲ့ ပြုံးခဲ့ဖူးတယ် ..

အရူးအိမ်မက်တွေမက်
မျက်တွင်းဟောက်ပက်နဲ့
အိပ်ရေးတွေလည်း ပျက်ခဲ့ဖူးတယ် ..

နင်မရောက်ဖူးတဲ့ ငါ့ပန်းခင်းထဲ
ရင်ခုန်ခြင်းတွေ စိုက်ထားဖူးတယ် ..

နင်မကြားဖူးတဲ့ ငါ့စကားသံထဲ
ကဗျာတွေလည်း ဖတ်ပြဖူးတယ် ..

အညတရကြယ်တစ်စင်းပါ
ငါ့ချစ်ခြင်းတွေနင့်ဆီရောက်ဖို့ .
အလင်းနှစ်ပေါင်းများစွာလိုသေးတယ်လေ ..…..

နင်သိခဲ့မယ်ဆိုရင်ပေါ့ ..

ငါ ..
မျှော်လင့်ချက်တွေမဲ့
တိတ်တိတ်လေး ကြွေပျက်ခဲ့ဖူးတယ် …. ။

ဇော့်သူငယ်ချင်း မင်း


( မှတ်ချက် >>> ကျွန်တော့်ရဲ့ မမျှော်လင့်ဘဲ ခင်ခဲ့ရတဲ့ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း မင်း ဟာ ကျွန်တော်နဲ့ စာပေ၀ါသနာပါတာချင်း အတော်လေးတူညီနေခဲ့တာကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ပိုပြီးတိုးစေတယ်ထင်ပါရဲ့ဗျာ။ မင်းက ကဗျာတွေလဲ ရေးတတ်ပြန်ပါသေးတယ်။ သူရေးတဲ့ကဗျာတွေကို ကျွန်တော်နှစ်သက်တဲ့အတွက် သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့နာမည်ကိုသုံးပြီး ကျွန်တော့်အိမ်မှာ အကိုတွေ အမတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။
ချစ်တဲ့... ဇော်...။
)

7 comments:

yehtutnaung said...

ကဗျာ လာဖတ်သွားပြီ ဟေ့။

MANORHARY said...

မင်း ဆိုတဲ့ ကဗျာရေးတဲ့သူငယ်ချင်းလေး တစ်ယောက်
ရှိခဲ့ဖူးတာကိုသတိရမိသွားတယ် အဲဒီမင်းကတော့
ခု ကောင်းကင်ဘုံမှာပေါ့.....

မိုးစက်အိမ် said...

ကောငါးတယ်ဗျာ ကဗျာလေးက နူးညံတယ်..
သိမ်.မွေ.တယ် ခံစားချက်ပါတယ်ဗျာ...

Sein Lyan Tun said...

ကောင်းတယ်

အိုက်ခီလောက် said...

အင်းတစ်စ တစ်စ ကောင်းနေတယ်ရော
ပြောမှာတောင်မပြောရဲတော့ဘူး
ဖတ်နေရတာ ကောင်းနေရောပဲ
နောက်ဆို နာမည်တစ်လုံးနဲ့ နေတော့မယ်နဲ့ တူတယ်

Anonymous said...

ကောင်းတယ် ဇော် ..အားပေးလျက်ပါကွာ
အဆင်ပြေပျော်ရွှင်ပါစေ

Anonymous said...

ကဗျာကောင်းလေး တစ်ပုဒ် ဒီနေ့မှပဲ ပြန်ခံစားမိခဲ့ရတယ် .. မင်း ဆိုတဲ့သူလည်း ညီမလေး ဇော်လို စာရေးကောင်းသူ တစ်ယောက်ပဲ .. :)