အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, May 21, 2009

အလွမ်းနှင့် အတူ




နာရီတွေ ရွေ့လျား
အချိန်တို့ ကျော်လွန်လို့
တစ်နေ့သစ်ခဲ့ပြန်ပြီ
ချစ်သူ ...။

မာနကိုခင်း
စိတ်ကိုတင်းပြီး
တိတ်တဆိတ် စောင့်မျှော်လျှက်နဲ့
တစ်ရက်ပြီး တစ်ရက်
ခရီးဆက်နေခဲ့ပြီ
ချစ်သူ...။

သြော်...
ဘယ်ဆီဘယ်ဝယ်
မသေချာ မရေရာ
မင်းမရှိတဲ့ အထီးကျန် နေ့တွေမှာ
နေလဲမရှိ လကမသာ
မှောင်မိုက်ခြောက်ကပ်ရင်း
ငါ ဘယ်လိုများ ရပ်တည်ရမှာလဲ
ချစ်သူရယ် ...။

ဇော်

4 comments:

သီဟသစ် said...

နေမရှိလမသာ..

တဲ့ ဇော့်ဘ၀ သနားစရာပါလား...

ဆုံနိုင်ခွင့်တွေ မြန်မြန်ရပါစေကွာ....

ခင်မင်စွာဖြင့်
သီဟသစ်..

မင်းပျို said...

ဇော်ရဲ.ရည်ရွယ်သူသာဒီပုံလေးနဲ.ကဗျာကိုတွေ.ရင် ကြည်နူးသွားမှာပဲ..ပျိုတောင်လွမ်းသလိုလို ဖြစ်သွားတယ်..

yehtutnaung said...

ငါ့ညီမရေ ချစ်ရသော ချစ်သူနဲ့  အမြန်ဆုံး တွေ့ ဆုံနိုင်ပါစေလို့  ဆုတောင်းပါတယ်ဗျာ။ တယောက်နဲ့  တယောက် အလှမ်းဝေးနေတဲ့ အချိန်မှာ ပိုချစ်နိုင်ကြပါစေဗျာ.

Anonymous said...

ညီမလေး ဇော်ရေ .. တော်တော် ခံစားသွားရပြီ ... ငါလည်း လွမ်းနေတာဟ ... အရင် မဖတ်ဖြစ်တာလေး ပြန်လာဖတ်တာ ... ပို့စ်ကဒ်လေးကို ဖွင့်ကြည့်တော့ ဝက်ဝံမလေးကို မြင်တယ် .... နောက်ဆုံးပိတ် ကောင်းကင်က လမင်းမှာ ချစ်သူ့ အရိပ်ကို မြင်တယ် ... သြော် ... ချစ်ရက်နဲ့ ဘာလို့ ဝေးနေကြပါလိမ့်နော် ....
နေဒေးသစ်။