အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, May 16, 2009

ဖြောင့်ချက်

ငါ့ မျက်လုံးတွေကို မမှိတ်ပစ်ချင်ဘူး
ချစ်သူ
အိပ်မောလဲ မကျပါရစေနဲ့
မင်းကို လွမ်းလို့ပါ
( ပြီးတော့ )
မင်းနဲ့ ပတ်သတ်တဲ့ ခံစားချက်မှန်သမျှ
ငါ မဆုံးရှုံးချင်ဘူး။

အိပ်မက်တွေကနေ နိုးထခွင့် မရချင်ဘူး
ချစ်သူ
မနိုးထပါရစေနဲ့
အိပ်မက်ထဲမှာ မင်းရှိနေခဲ့လို့ပါ
မင်းနဲ့ ပတ်သတ်သမျှ ငါဘာတစ်ခုမှ
မဆုံးရှုံးချင်ဘူး။

မင်းရဲ့ အနားမှာပဲ ရှိနေခွင့်ကို ပေးပါ
ချစ်သူ
ခွဲခွါ မသွားပါရစေနဲ့
ငါ ... မင်းနဲ့ ပတ်သတ်သမျှ တစ်ခုလေးတောင်
မဆုံးရှုံးချင်ပါဘူး
ချစ်သူရယ်...။


( စကားချပ် >>> ကျွန်တော့်ကိုဗျာ ကျနော့်ရဲ့ အကိုလို ခင်ရတဲ့ ကဗျာဆရာ ဘလော့ဂါတစ်ယောက်က အကြံပေးတယ်။ ကဗျာတွေက ရှေးဆန်လွန်းတယ်တဲ့။ မော်ဒန်ကျကျ ရေးပါတဲ့လေ။ ကျနော်က တကယ်ကို မရေးတတ်ခဲ့တာဗျ။ အခု သူ့အကြံကို လေးစားတဲ့အနေနဲ့ ကျနော် စမ်းပြီး ကြိုးစားပြီး ချရေးကြည့်လိုက်မိပါတယ်။ စာဖတ်တဲ့ အကိုတွေ အမတွေတော့ ဘယ်လိုနေလဲ မသိပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ဟာကိုယ်ပြန်ဖတ်ပြီး ဘယ်လိုကြီးမှန်းကို မသိပါဘူး။ အီးး။ ကျွန်တော်လဲ ရေးတတ်ချင်တယ်ဗျာ။ ကိုနေမင်းသံစဉ်ရေ... ကျွန်တော့်ကို သင်ပေးပါဦးဗျ။ အိ ... )

6 comments:

yehtutnaung said...

မော်ဒန်ကဗျာ ရေးချင်တယ်ဆိုရင် (( အဟမ်း.. အဟမ်းး ))
ငါလဲ မသိဘူး.. ဟီး..။
ဒါပေမယ့် အင်မတန်ကြီးမားတဲ့ အခက်အခဲကြီးတော့ မဟုတ်ပါ။
(၁) ကဗျာရေးသူတွေရဲ့  အသုံးအနှုန်း၊ နိမိတ်ပုံ ဖမ်းပုံ လေ့လာ
(၂) ကဗျာများများ ဖတ်
(၃) ကဗျာများများ ရေး


ကဗျာဆိုတာ စကားပြေ မဟုတ်တော့ ကိုယ်ရေးတာ စာဖတ်သူ ရင်ထဲ တိုက်ရိုက် ရောက်ချင်မှ ရောက်မယ်။ နားလည်ချင်မှ နားလည်မယ်။ သို့ သော် ကဗျာရေးတဲ့သူဟာ သူရွေးချယ်တဲ့ စကားလုံးပေါ် အမြင်ရှင်းဖို့  လိုတယ်။ "က" ကို နေရာပေါင်းစုံက လှည့်ကြည့်ရင် အမြင်မတူနိုင်ပေမယ် ကိုယ်ကြည့်တဲ့ နေရာက ကြည့်ရင် ရှင်းလင်းပြတ်သားတဲ့ အရာတခုတော့ ထွက်ကြလာရမယ်။ ဒါပဲ.. ။
ရဲဘော်..ဆက်လုပ်။

ပုံ/
ဘကြီးနေညို

အိုက်ခီလောက် said...

အထွေအထူးပြောစရာမလို အထက်တွင်ဖေါ်ပြပြီး ကိုနေရင့်ပြောသလိုပဲ
ကောင်းပါတယ် ချစ်သူ့ ကိုတန်ဖိုးထားတဲ့ ချစ်တဲ့စိတ်လေး
စိတ်လေးမြင်နေရတယ် ဆက်ုလုပ်ပေါ့ ကိုနေရင့်ပြောသလိုလေး နောက်တော့လည်း ဖြစ်လာမှာပါ
သူများသာပြောနေတာ ကိုယ့်တိုင်ကအဖြစ်မရှိဖူးရယ့် အဟင့် နေရာတကာဆြာ လုပ်နေတယ် မူးပြီးအေးဆေးနေတော့မယ်အေ့ ရစ်တော့ဘူး

Anonymous said...

ကိုနေညိုရင့်ပြောသလိုပါဘဲ ..ကျနော်လည်းကောင်းကောင်းတော့မသိပါဘူး ဒါပေမယ့်ရင်ထဲကဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို
နဲနဲလေး လှအောင်ဘဲ အသွင်ပြောင်းမိတာပါ များများဖတ်ပါများရင် အလိုလို စကားလုံးလေးတွေ လှလာလိမ့်မယ်လို့ထင်ပါတယ် အားပေးလျက်ပါ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ကိုရင်နော်ခင်လေးငယ် said...

ကောင်းတယ်ဗျ..

တောင်ပေါ်သား said...

အကောင်းဆုံးကတော့ ကောင်းတာပါပဲ။ ဟဲဟဲဟဲ

စကားမစပ် ကဗျာက ပထမအပိုဒ်က အိပ်မော်မကျစေချင်တာ. ဒုတိယအပိုဒ်က နိုးထခွင့် မရှိစေချင်တာ ဆက်စပ်မူ မရှိသလိုလို ဒါပေမဲ့ သေချာတာက ချစ်သူနားအမြဲ နေစေချင်တာဟုတ်.. ဒါလဲ မော်ဒန်ကဗျာပါပဲ ဟီးးးးးးး

တကယ်တော့ ဘာမှ သိဘူး တတ်ယောင်ကားလုပ်သွားတာ


လေးစားလျက်
တောင်ပေါ်သား

mgnge said...

အဆင်ပြေပါတယ် ။။ဖတ်လို့...။