အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, May 14, 2009

လွမ်းဆွတ်... စဉ်တွင်

ပင်မြင့်ယံ သဇင်ခက်လိုပ
ဂုဏ်ဝင့်စွာ မထည်ဝါနိုင်လောက်ပါဘု
သခင်ရယ်...
နှိုင်းတုလို့ ဘယ်မှမမြင်။

ပင်ခြေမှာကြွေ မြေပြင်မှာ လှကာပ
ရနံ့ထုံဝေ ကြည်သင်းသော်လည်း
ဝတ်လွှာဖြူ စကားပန်းမှာဖြင့်
ဂုဏ်ဝင့်စွာ မထည်ဝါနိုင်လောက်ပါဘု
သခင်ရယ်...
နှိုင်းတုလို့ဘယ်မှမယှဉ်။

တော်ဝင်မင်းသမီးရယ်လို့
ခေါ်တွင်ကာ နန်းဆောင်ထဲကိုဖြင့်
လက်ဆွဲလို့ခေါ်ကာဝင်
မယ့်သခင် ထားချင်ပါသော်လည်း
အားငယ်သူ အိမ်နိမ့်စံမေ့မှာဖြင့်
ကြေကွဲစွာ လက်ကို မကမ်းသာဘု
သခင်ရယ်...
နှိုင်းတုလို့ဘယ်မှမယှဉ်။

ကြေကွဲစွာ လှိုင်းခတ်လူးပါတဲ့
မေ့ရဲ့ရင် မျက်ရည်များကိုဖြင့်
ပန်းဖြူလွင် ငွေစင်ပန်းတွေပဲ
စာနာစွာမြင်နိုင်လောက်ပါရဲ့
သြော်...
လွမ်းဘွဲ့ဖြစ်အင်...။

7 comments:

yehtutnaung said...

ကဗျာ လာဖတ်သွားပြီ ညီမရေ။ ဆက်လက် အားပေးနေပါတယ်။
ဒါနဲ့  ငါ ကြောင် ကို ကလိချင်တာ ဘယ်ရောက်သွားလဲ အဲဒီကြောင်...??

အိုက်ခီလောက် said...

အမယ်လေးညည်းတော့ ပြောင်းနိုင်လွန်းတယ်
ဘက်ဂရောင်းသေဌေးထင်တယ့် နာ့ကိုလည်းပြောင်းပေး
တစ်နေ့ တစ်မျိုးမရိုးအောင် ပြောင်းနေပါ့လား
တော်လိုက်တာ ဂျစ်ညီမတော့
အင်းအလွမ်းတွေကိုလာချောင်းသွားတာ
အင်းကိုနေရင့်ပြောမှ ကြောင်ဘယ်ရောက်သွားလည်း
မငုံမလာမှာစိုးလို့ နဲ့ တူတယ် အဟားးးးးးးး
ပျှော်ရွှင်ပါစေဗျာ ဆက်လက်အားပေးနေမယ်

Sein Lyan Tun said...

ကောင်းလိုက်တဲ့ကဗျာ
လွမ်းဘွဲ့လေး
နာမည်ကြီးတော့မှာသေချာတယ်
အင်းနော်
အကို့ကို ပညာရေးဝန်ကြီးဖြစ်လာအောင်ဆုတောင်းပေး
အကုန်သင်ရိုးထဲထည့်မယ်
ခင်တဲ့
ဖိုးစိန်

မြစ်ကျိုးအင်း said...

ဇော်ရေ ငါလည်းဒီလိုကဗျာ မျိုးလေးတွေ လာဖတ်ရင်း
ဖတ်ရတာ ချောချောမွေ့မွေ့ ဖြစ်လာပြီ...ကောင်းတယ်
အားပေးပါတယ်....။
....ခင်မင်သောအားဖြင့်....

မငုံ said...

ကောင်းတဲ့ ကဗျာတပုဒ်လေး ဖတ်ရပြန်ပြီ

မငုံ said...

ကောင်းတဲ့ ကဗျာတပုဒ်လေး ဖတ်ရပြန်ပြီ

Anonymous said...

စာတွေနဲ့ မအားလို့ အေးဆေးကို လာမဖတ်ဖြစ်ဘူး ဖြစ်နေတာ ဇော်ရေ .. ခုတော့ ကျန်နေတဲ့ အကြွေးတွေ ပြန်လိုက်ဆပ်နေပြီ .. စာတွေသာ များများရေးပေတော့ ... စာကောင်း ကဗျာကောင်းလေးရေးတတ်တဲ့ ငါ့ညီမလေး ဒီ့ထက်ပိုပြီး လက်ရာကောင်းလေးတွေ စဉ်ဆက်မပြတ် ဖန်တီးနိုင်ပါစေဗျာ ...
နေဒေးသစ်။